ယနေ့ (၂၃.၈.၂၀၂၃) တွင် New Myanmar Foundation၊ Historical Carriers Group နှင့် WLRC တို့မှ ပူးပေါင်း၍ “သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်း” အား New Myanmar Foundation ၏ Safe house ဧရိယာ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ Campaign တွင် ပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် သတင်းစကားမျှေ၀ခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ေ၀ခြင်း အစရှိသည့် အစီအစဥ်များကို ထည့်သွင်းပြုလုပ်ခဲ့ ကြပါသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ အကြမ်းဖတ်စစ်ကောင်စီသည် မြန်မာနိုင်ငံသူ/သားများအား နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများကို ပြုလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများအား အစွမ်းကုန်ကျူးလွန် နေခဲ့ကြပါသည်။ မြန်မာစစ်တပ်ဆိုသော အဆိပ်ပင်အား ရေလောင်းပေးနေသော ငွေကြေးများတွင် မြန်မာပြည်သူ/သား တိုင်းရင်းသားများ၏ တန်ဖိုးရှိသော သွေးများစွန်းထင်းခဲ့ရပြီးဖြစ်သည်။ အကြမ်းဖက် စစ်တပ်၏ ထောက်တိုင်စီးပွားရေးလုပ်ငန်းများအား ဖြတ်တောက်ရန်နှင့် ဆန့်ကျင်ရန် ထပ်မံသတိပေးနှိုးဆော် လိုသည့် သဘောဖြင့် ယခု Campaign အား ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။