NMF မှ ဖွင့်လှစ်ကျင်းပသော အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၈) သင်တန်း ဆင်းပွဲ

NMF မှ ဖွင့်လှစ်ကျင်းပသော အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၈) သင်တန်း ဆင်းပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၂၈) သင်တန်းဆင်းပွဲ ကို (၂၉-၇-၂၀၂၃) ရက်နေ့ ညနေ (၃) နာရီခွဲတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

သင်တန်း အပတ်စဉ်-(၂၈)ကို အောင်မြင် ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊သင်တန်းသား (၇)ဦး ရှိပါသည်။

သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ သင်တန်းပြီးစီးသွားသည့် သင်တန်းသူ၊သင်တန်းသား များကို တွေ့ရ၊မြင်ရသည်မှာ အင်အားအပြည့်နှင့် ရှိနေတာကိုတွေ့ရသောကြောင့် ပီတိဖြစ်ရကြောင်း၊ ဆက်လက်ကြိုးစားသွားကြရန် နှင့် အချင်းချင်းလည်း ဗဟုသုတများ မျှဝေကြရန် လိုအပ်ကြောင်း၊ အချင်းချင်း အဆက်အသွယ်မပြတ်ရှိကြဖို့ နဲ့ မိမိတို့လည်းဝန်းရံပေးနေမည်ဖြစ်ကြောင်း၊ New Myanmar Foundation သည်လည်း တထောင့်တနေရာမှ ပါဝင်ကူညီပေးနေပြီး ရယူနိုင်သော အခွင့်အလမ်းများကိုလည်း စည်းကမ်းတကျ ရယူနိုင်ပါကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ ယခုဆိုလျှင် သင်တန်းသား၊သင်တန်းသူများသည် အလုပ်ဝင်နိုင်သောအဆင့်သို့ ပိုင်ပိုင်နိုင်နိုင် ရောက်ရှိနေကြပြီ: လမ်းပျောက်နေသူများမဟုတ်တော့ဘဲ လမ်းဆက်လျှောက်နေကြသူများဖြစ်ပါသောကြောင့် အားပေးနေကြောင်း၊ အထည်ချုပ်ပညာဆိုသည်မှာ ဒေသတစ်ခုတည်းတွင် အသုံးပြုနိုင်သော ပညာသာမဟုတ်ဘဲ နိုင်ငံတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်သော အတတ်ပညာတစ်ခုဖြစ်သောကြောင့် စနစ်တကျ ဆက်လက်ကြိုးစားကြရန် အားပေးကြောင်း၊ မည်သည့်နေရာတွင် ရှိနေပါစေ ရောက်ရှိရာနေရာတိုင်းတွင် မိမိနိုင်ငံအရေးကို လျစ်လျှူမရှုကြဘဲ နိုင်သရွေ့ဝင်ရောက်ကူညီကြစေရန်လည်း တိုက်တွန်းကြောင်း၊   မိမိဂုဏ် – နိုင်ငံ၏ဂုဏ် ကို မြှင့်တင်နိုင်သော သားကောင်း၊သမီးကောင်းများအဖြစ် နေထိုင်သွားကြရန် မှာချင်ပါကြောင်း  ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသူ၊သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူ၊သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

အခမဲ့ အခြေခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –


၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။

New Myanmar Foundation မှ စီစဉ်သည့် အခမဲ့ အခြေခံမော်တာစက်နင်းသင်တန်း တက်ရောက်နိုင်ရန် သင်တန်းသားခေါ်ယူခြင်း

New Myanmar Foundation မှ စီစဉ်သည့် အခမဲ့ အခြေခံမော်တာစက်နင်းသင်တန်း တက်ရောက်နိုင်ရန် သင်တန်းသားခေါ်ယူခြင်း

မဲဆောက်မြို့သို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများခင်ဗျား…..

New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏အလုပ်အကိုင်အခွင့်အလမ်းအတွက် ရည်ရွယ်လျက် “အခမဲ့ အခြေခံ မော်တာစက်နင်းစက်ချုပ်သင်တန်း” ကို August (1) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

“အခမဲ့ အခြေခံ မော်တာစက်နင်းစက်ချုပ်သင်တန်း” ကို လစဉ် (၁ -ရက်နေ့) မှ (၁၀-ရက်နေ့) အထိ တစ်ကြိမ်၊ (၁၅-ရက်နေ့) မှ (၂၄-ရက်နေ့) အထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းအပတ်စဉ် တစ်ကြိမ်လျှင် ထိရောက်သည့်သင်ကြားမှုများ ဆောင်ရွက်ပေးနိုင်ရန် သင်တန်းသား (၁၀) ဦးလက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။ လျှောက်ထားသူသင်တန်းသားများအနေဖြင့် မိမိလျှောက်ထားသည့် အပတ်စဉ်တစ်ခုတွင် တက်ရောက်ခွင့်မရရှိခဲ့ပါကလည်း နောက်အပတ်စဉ်များတွင် ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ ‌သင်တန်းတက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာနိုင်ပါက ယခု Google Form တွင် အချက်လက်များဖြည့်သွင်း၍ ‌လျှောက်ထားနိုင်ပါသည်။

စည်းကမ်းချက်များ

၁။ သင်တန်းကာလ (၁၀) ရက်အတွင်း သင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေထိုင်လိုသူများသည် သင်တန်းမှ သတ်မှတ်ထားသည့် စည်းကမ်းများကိုလိုက်နာရမည်။

၂။ မိမိတို့နေအိမ်မှ တက်ရောက်လိုသူများသည် သင်တန်းအချိန်အား လေးစားလိုက်နာရမည်။

၃။ အကြိုအပို့ နှင့် စားစရိတ်အတွက် လျှောက်ထားသူကိုယ်တိုင်သာ တာဝန်ယူရမည်ဖြစ်ပါသည်။

၄။ သင်တန်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ ထိဖြစ်ပါသည်။

၅။ သင်တန်းအချိန်ကာလအတွင်း ပြင်ပသို့ ထွက်ခွာခွင့် မပြုပါ။

၆။ သင်တန်းပြင်ပသို့ ထွက်ခွာလိုသည့် ကိစ္စ ၊ အကြောင်းအရာရှိပါက သင်တန်းမှူးထံ ခွင့်ပြုချက်တောင်းခံရမည်။

၇။ သင်တန်းသားအားလုံး သင်တန်းပြီးဆုံးအောင်ထိသင်ယူရမည်။

၈။ သင်တန်းတက်နေစဉ် New Myanmar Foundation မှ ပို့ချမည့် နေ့တပိုင်း လူ့အခွင့်ရေးအခြေခံသင်တန်း/ အလုပ်သမားအခွင့်ရေး နှင့် အမျိုးသမီးအခွင့်ရေး သင်တန်းများအားလည်း တက်ရောက်ရမည်။

၉။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ကူးစက်ရောဂါရှိသူ မဖြစ်ရပါ)

၁၀။ သင်တန်းသားများတစ်ဦးနှင့်တစ်ဦး လူမျိုး/ကိုးကွယ်ရာဘာသာ/ အသားအရောင်/ ဆင်းရဲချမ်းသာ/ အဆင့်အတန်းမည်သည့်ခွဲခြားဆက်ဆံခြင်းမျိုးမရှိစေဘဲ ကျေးပျူငှာစွာဆက်ဆံရမည်။ ခိုက်ရန်ဖြစ်ပွားခြင်း လုံးဝမပြုလုပ်ရပါ။

၁၁။ သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊အမူအရာ ဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းလုံးဝ (လုံးဝ) မပြုလုပ်ရပါ ။ကျူးလွန်ပါကသင်တန်းမှခြွင်းချက်မရှိထုတ်ပယ်ပါမည်။

၁၂။ သင်တန်းအောင်မြင်ပြီးဆုံးအောင်တက်ရောက်နိုင်ပြီး အထည်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုမည့်သူများကိုသာ ဦးစား‌ပေးရွေးချယ်သွားမည်ဖြစ်သည်။ အမျိုးသမီး ဦးစားပေးမည်။

၁၃။ သင်တန်းတက်ရောက်မည့်သူများသည် ရဲကဒ်ရှိရမည်ဖြစ်သည်။

အခမဲ့ အခြေခံမော်တာစက်နင်းသင်တန်း လျှောက်ထားရန် Link

https://forms.gle/szp9VwYdASAT8bVS9

အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ နံပါတ်များသို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Ph : 0652841489(Thai), Signal+66652841489

လေးစားစွာဖြင့်

Khin Hla Htay

သင်တန်းကြီးကြပ်ရေးမှူး

New Myanmar Foundation မှ ဖွင့်လှစ်သော အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၈) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation မှ ဖွင့်လှစ်သော အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၈) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ ဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၂၈) သင်တန်းဖွင့်ပွဲ ကို (၂၀-၇-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဦးစွာ ပထမ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ Foundation ၏ ကူညီဆောင်ရွက်နေမှုများကို ရှင်းပြပေးပြီး ယခုဖွင့်လှစ်သည့် သင်တန်းမှ ရရှိသော အသက်မွေးဝမ်းကြောင်းပညာရပ်အား တန်ဖိုးရှိစွာအသုံးပြုနိုင်ရန် မျှော်လင့်ပါကြောင်း၊ မည်သည့်နေရာရောက်ရောက် တိုင်းပြည်အရေးတွေမှာ တစ်နေရာမဟုတ်တစ်နေရာ မိမိတို့နိုင်သည့်တာဝန်ကို ပါဝင်ကူညီထမ်းဆောင်ကြဖို့လိုအပ်ကြောင်း၊ မိမိဘဝကြုံတွေ့ခဲ့ရသော အချိုးအကွေ့အတွေ့အကြုံများကို မျှဝေရှင်းပြ၍ လူငယ်များအတွက် ရလဒ်ကောင်းများရရှိလာမည်ဟု ယုံကြည်ကြောင်းနှင့် ဆက်လက်ကြိုးစားကြစေလိုကြောင်း အားပေးပြောကြားခဲ့ပါသည်။

ဒုတိယအစီအစဉ်အနေဖြင့် New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ မိမိကိုယ်တိုင် ရောက်ရှိတဲ့နေရာမှ နိုင်ငံအတွက် မည်သို့အကျိုးပြု၍ရနိုင်မည်ကို ကြံဆနေကြောင်း၊ ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိဆဲဖြစ်သောကြောင့် ယခုသင်တန်းတက်ရောက်လာကြတဲ့ အင်အားစုများအနေဖြင့်လည်း အားမလျော့ကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်မှာလည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိပြီး ရပ်တည်နိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ / သား (၈)ဦး အား ကြိုဆိုကြောင်း ၊ သင်တန်းသို့ရောက်ရှိလာသူ တစ်ဦးချင်းစီ၏ ရောက်ရှိရာနေရာ၌ ပညာတစ်ခုကိုလေ့လာလျက် အလုပ်လုပ်ရန် ရည်ရွယ်ကြတာ စိတ်ဓာတ်များကို လေးစားပါကြောင်း၊ သင်တန်းသားအချင်းချင်း ညီအစ်ကို မောင်နှမစိတ်ဓာတ်ဖြင့် တစ်ဦးနှင့် တစ်ဦးစောင့်ရှောက်ကြရန်၊ ဗဟုသုတများ ဖလှယ်မျှဝေရင်း စည်းကမ်းတကျနေထိုင်ကြစေလိုကြောင်း၊ မိမိနိုင်ငံအရေးတွင်လည်း မမေ့မလျော့ တက်စွမ်းသ၍ ပါဝင်အားဖြည့်ကူညီပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

New Myanmar Foundation အနေဖြင့် ယခုဖွင့်လှစ်သည့် အခမဲ့အခြေခံ လျှပ်စစ် မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာရပ်သာမ က လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး အစရှိသည့် အသိပညာရပ်များကိုလည်း ဝေမျှပေးသွားမည် ဖြစ်ပါသည်။

New Myanmar Foundation မှ ဖွင့်လှစ်သော ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

New Myanmar Foundation မှ ဖွင့်လှစ်သော ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

New Myanmar Foundation မှ ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေး သင်တန်းကို လစဉ် စီစဉ်ကျင်းပလျက်ရှိရာ လျှောက်ထားသူများပြား၍ ထိရောက်သော သင်ကြားပို့ချမှုများ ဆောင်ရွက်နိုင်ရန် သင်တန်းတစ်ကြိမ်လျှင် (၂၅)ဦးခန့်သာ လက်ခံနိုင်ခြင်းကြောင့် သင်တန်းတက်ရောက်ရန် လိုအပ်ချက်များ ကိုက်ညီသော်လည်း တက်ရောက်ခွင့် မရသူများရှိနေသဖြင့် ယခု ဩဂုတ်လတွင် ကျင်းပမည့် အပတ်စဉ် (၃) မှစတင်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သင်တန်းများအတွက် ဤလျှောက်လွှာဖောင်ကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး လျှောက်ထားလာသူများထဲမှ သတ်မှတ်ချက်များနှင့်ကိုက်ညီသူ ဦးရေ (၃၅၀) ခန့်အား ကြိုတင်စိစစ်ရွေးချယ်၍ အပတ်စဉ်အလိုက် ဆက်သွယ်သွားမည် ဖြစ်ပါသည်။

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကိုသာ Email, Signal တို့ဖြင့် ဆက်သွယ်သွားမည် ဖြစ်ပါသည်။

Zoom အသုံးပြု သင်ကြားမည့် Online သင်တန်းဖြစ်ပြီး၊ အပတ်စဉ် (၃) မှ (၁၆) အထိ သင်တန်း (၁၄) ကြိမ်၏ လျာထားသတ်မှတ်ရက်များကို ပူးတွဲပါပုံတွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

သင်တန်းတွင် ပါဝင်သည့် အခြေခံ အကြောင်းအရာများ

—————————————————-

ကွန်ပျူတာများအလုပ်လုပ်ပုံ၊ Mobile Phone များ အလုပ်လုပ်ပုံ၊

အင်တာနက် အလုပ်လုပ်ပုံအကြောင်း၊

Signal, Telegram, Facebook Messenger, Viber, အစရှိသည့် Messaging Apps များလုံခြုံစွာ အသုံးပြုနိုင် မည့် နည်းလမ်းများ ၊ VPN အသုံးပြုနည်းများ ၊

Browser များအား လုံခြုံစွာ အသုံးပြုနည်းများ

Password များလုံခြုံစွာ အသုံးပြုရန် နည်းလမ်းများ၊

2-factor authentication (code ၂ဆင့်ခံနည်း) အကြောင်း

Google မှ Provide လုပ်ထားသော Email Client ဖြစ်သည့် Gmail အသုံးပြုနည်း နှင့် အသုံးများသည့် Google Products များဖြစ်သည့် Docs, Slide, Sheets, Keep, Drive, Form, Maps, Photo,

datas များလုံခြုံအောင် ထိန်းသိမ်းနည်းများ

သိသင့်သိထိုက်သော Cyber security law များအကြောင်း

သင်တန်းသားများ သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခြင်း များပါဝင်ပါသည်။

သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ

————————————————-

ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းနှင့် ပတ်သက်ပြီး အခြေခံသိထားသူ

Zoom app နှင့် Signal Account များရှိပြီး အသုံးပြုနိုင်သူ၊

အွန်လိုင်း သင်တန်းဖြစ်သဖြင့် သင်တန်းသားထံတွင် Internet လိုင်းရရှိရန်။

သင်တန်း၌ တက်ကြွစွာပူးပေါင်းပါဝင်နိုင်သူ၊

သင်တန်း အစမှ အဆုံးထိ စိတ်ပါဝင်စားစွာ တက်ရောက်နိုင်သူ။

မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည် ဝေငှပေးရန် ဆန္ဒရှိသူ။

တော်လှန်ရေးလုပ်ငန်းများ နှင့် လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ ။

(အမျိုးသမီးများ၊ LGBTIQ များ၊ မသန်စွမ်းများ အားလုံး ပါဝင်တက်ရောက်ရန်လည်း အထူးဖိတ်ခေါ်အပ်ပါသည်။ )

သင်တန်းကာလ (၅) ရက်အား မပျက်မကွက် တက်ရောက်သူများအား Completion Certificateပေးသွားမည်ဖြစ်ပါသည်။

သင်တန်းလျှောက်ထားရန် Google Form Link

——————————————————

https://docs.google.com/…/1FAIpQLScdoSW5QEr…/viewform…

**သင်တန်းတက်ရောက်ရန်အခြေခံလိုအပ်ချက်များနှင့်ကိုက်ညီသူများသာ လျှောက်ထားရန်ဖြစ်ပါသည်။

**ရွေးချယ်ခံရသူများကို Email/Signal Message ဖြင့် ဆက်သွယ်မည်ဖြစ်၍ Email/Signal Message ပုံမှန်စစ်ဆေးရန် လိုအပ်ပါသည်။ သင်တန်းမစတင်မီ ဖောင်တင်ထားည့် လျှောက်ထားသူများအား ၃ရက်ခန့်အလိုအထိ ဆက်သွယ်မရပါက ရွေးချယ်မှုပျက်ပြယ်၍ အခြားသင့်တော်သူကို ထပ်မံရွေးချယ်သွားမည်ဖြစ်ပါသည်။


IT Manager

Micky

Phone: +66 0838788804‎

Email: nmf.itofficer@gmail.com

#newmyanmarfoundation#digital_sec

New Myanmar Foundation မှ ဖွင့်လှစ်သော Digital Security Training Batch (2) ကျင်းပပြီးစီးကြောင်း အသိပေးခြင်း

New Myanmar Foundation မှ ဖွင့်လှစ်သော Digital Security Training Batch (2) ကျင်းပပြီးစီးကြောင်း အသိပေးခြင်း

မြန်မာ့ ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ အတွက် New Myanmar Foundationက ဦးစီး၍ ဒီဂျစ်တယ် နည်းပညာများကို လုံခြုံစိတ်ချစွာနှင့် ကျွမ်းကျွမ်း ကျင်ကျင် အသုံးပြုနိုင်ရေးအတွက် Digital Security Training များကို ကျင်းပ ပြုလုပ်လျက်ရှိရာဇူ လိုင်လ (၂၁) ရက် ၂၀၂၃ ခုနှစ်တွင် အပတ်စဉ် (၂) ကို ကျင်းပခဲ့ပြီးဖြစ်ပါသည်။ သင်တန်းသားများရွေးချယ်ရာတွင် – – –

မိမိပတ်ဝန်းကျင် နှင့် မိတ်ဆွေများကို ပြန်လည်ဝေမျှပေးရန် ဆန္ဒရှိသူများ။

လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ။

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာရသူများ။

မြန်မာနိုင်ငံတွင်း ဝေးလံသောဒေသများ၊ ပဋိပက္ခဖြစ်ပွားလျက်ရှိသောဒေသများ ပုဂ္ဂိုလ်များ။

များကို အထူးဦးစားပေး ရွေးချယ်ခဲ့ပါသည်။

သင်တန်းသားရွေးချယ်ရာတွင် လျှောက်ထားသူ ဦးရေ များစွာထဲမှ နယ်ပယ်အစုံမှ ရွေးချယ်ရခြင်း ဖြစ်သည့်အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ယခု အပတ်စဉ် (၂) တွင် မပါဝင်ခဲ့သူများကိုလည်း နောင်ဖွင့်လှစ်မည့် သင်တန်းများတွင် ရွေးချယ်သွားမည်ဖြစ်ပါသည်။

မှတ်ချက်။ ။ လျှောက်ထားပြီးသူများအနေဖြင့် ထပ်မံလျှောက်ထားရန် မလိုအပ်ပါ

IT Manager

Micky

Phone – +66 0838788804

Email: nmf.itofficer@gmail.com,

#newmyanmarfoundation#digita_security_training