Program Manager ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

Program Manager ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

NEW MYANMAR FOUNDATION ၏ Women Protection & Empowerment Program အတွက် မန်နေဂျာရာထူး တာ၀န် ထမ်းဆောင်ရန် လျှောက်လွှာ များခေါ်ယူ နေပါသည်။

လျှောက်လွှာလက်ခံမည့်ကာလ : ၁.၆.၂၀၂၃ မှ ၁၄.၆.၂၀၂၃ အထိ

နေရာ : မဲဆောက်

အစမ်းခန့်ကာလ : ၃ လ

လစာ : အစမ်းခန့်ကာလ – ၈၀၀၀ ဘတ်

အတည်ပြုပြီးကာလ – ၁၀၀၀၀ ဘတ် မှ ၁၅၀၀၀ ဘတ် အထိ

အစီရင်ခံရမည့်သူ : Executive Director, BODs

လုပ်ဆောင်ရမည့်တာ၀န်များ

 ဒေသတွင်း အမျိုးသမီးများ၏ အခက်အခဲများနှင့် ပြသနာများအား ဦးဆောင် ကူညီဖြေရှင်းပေးရမည်။

 အမျိုးသမီးများနှင့် ပတ်သက်၍ အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက်လာပါက အချိန်နှင့် တပြေးညီကူညီ‌ဆောင်ရွက်ပေးရမည်။

 အမျိုးသမီးများအားထားရှိမည့် နေရာထိုင်ခင်းနှင့် ပတ်သက်၍ ကောင်းမွန် မျှတစွာ ဦးစီးစီမံဆောင်ရွက်ပေးရမည်။

 ဤ Program အတွင်း အကြုံး၀င်သော အမျိုးသမီးများ၏ လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေးကိစ္စရပ်များအတွက် ရုံးနှင့် ချိတ်ဆက်၍လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍လည်းကောင်း ကူညီဆောင်ရွက် ပေးရမည်။

 အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ အမှုအခင်းကိစ္စများ၊ အခြားသောဗဟုသုတဆိုင်ရာ၊ အသက်မွေး၀မ်း ကျောင်းသင်တန်း အစရှိသည်တို့အတွက် သက်ဆိုင်ရာ အမျိုးသမီးရေးရာ အဖွဲ့အစည်းများ၊ ဥပဒေ ကျွမ်းကျင်အဖွဲ့များနှင့် ချိတ်ဆက် ပူးပေါင်းကာ ဆောင်ရွက်ပေးရမည်။

 ဤ Program အတွင်း အကြုံး၀င်သော အမျိုးသမီးများ၏ ပုံမှန်၀င်ငွေရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အတွက်လည်း တာ၀န်ယူဆောင်ရွက်ပေးနိုင်ရမည်။

 Foundation မှ ချမှတ်ထားသော စည်းမျဥ်းများနှင့်အညီ လုပ်ငန်းကို ဖော်ဆောင် ဆောင်ရွက်နိုင်ရမည်။

 မိမိလုပ်ငန်းနှင့် သက်ဆိုင်သော Seminar များသို့ တက်ရောက်နိုင်ရမည်။

 မိမိလုပ်ငန်းနှင့် သက်ဆိုင်သော Press Conference များကိုလည်း ဦးစီးဆောင်ရွက်နိုင်ရမည်။

 မိမိ၏ လုပ်ငန်းနှင့် ပတ်သက်ပြီး လစဥ် သို့ သတ်မှတ်ထားသော အချိန်များတွင် Executive Director ထံသို့ အစီရင်ခံစာ အချိန်မီတင်ပေးနိုင်ရမည်။

အတွေ့အကြုံလိုအပ်ချက်

 Management ပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။

 လုပ်ငန်းအပေါ်တွင် စိတ်စေတနာထားပြီး နှစ်မြုပ်လုပ်ကိုင်နိုင်ရမည်။

 စည်းစနစ်ကျနသူဖြစ်ရမည်။

 Confidentiality and Privacy (Data & Personnel) ကို တာ၀န်ယူနိုင်သူဖြစ်ရန် မဖြစ်မနေလိုအပ်ပါသည်။

 ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။

 အကျင့်စာရိတ္တ ကောင်းမွန်၍ စိတ်ချရသူဖြစ်ရမည်။

 English စာ တက်ကျွမ်းသူ ဖြစ်ရမည်။

 ကား၊ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။

ပညာအရည်အချင်း

 Communication and Management Skill ကျွမ်းကျင်သူဖြစ်ရမည်။

 သက်ဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်သော Certificate ရှိသူ ဦးစားပေးမည်။

အခြား

 New Myanmar Foundation တွင် အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်ရပါမည်။ (အစမ်းခန့်ကာလ မပါ။)

 ထိုင်းနိုင်ငံအတွင်း လက်ရှိနေထိုင်သူဖြစ်ရမည်။

လျှောက်လွှာတင်ရန် : newmyanmaroffice@gmail.com

 CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။

 Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

 CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :

Admin Officer

Phone Number – +66 62 687 4266

Signal Number – +66 62 687 4266

Email – newmyanmaroffice@gmail.com

HR & Admin Department

NEW MYANMAR FOUNDATION

မဲဆောက်မြိုသို့အခက်အခဲမျိုးစုံကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော အမျိုးသမီးများအား နေရာထိုင်ခင်း အကူညီပေးခြင်း

မဲဆောက်မြိုသို့အခက်အခဲမျိုးစုံကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော အမျိုးသမီးများအား နေရာထိုင်ခင်း အကူညီပေးခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြိုသို့အခက်အခဲမျိုးစုံကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော အမျိုးသမီးများ အတွက် နေထိုင်နိုင်ရန် သီးသန့် နေရာထိုင်ခင်းများ စီစဥ်ပေးသွားမည် ဖြစ်ပါသဖြင့် မဲဆောက်မြို့တွင် နေထိုင်ရန် အခက်အခဲကြုံတွေ့နေရသည့် အမျိုးသမီးများ ( ရွှေ့ပြောင်းအလုပ်သမားများအပါအ၀င် နိုင်ငံရေးအရ ထွက်ပြေးတိမ်းရှောင်လာရသူများ၊စစ်ဘေးရှောင်များ နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ) အနေဖြင့် လျှောက်ထားနိုင်ကြောင်း သတင်းစကားပါးအပ်ပါသည်။

ထိုသို့ အမျိုးသမီးများအတွက် သီးသန့်စီစဥ်ပေးထားသော နေရာထိုင်ခင်းများတွင် အနည်းဆုံး (၃) လမှ အများဆုံး (၆) လအထိ လုံခြုံစွာ နေထိုင်နိုင်မည် ဖြစ်ပါသည်။ နေထိုင်စဉ်ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများ၊ အိမ်တွင်းပရိဘောဂများ၊ အင်တာနက် နှင့် အခြေခံစားနပ်ရိက္ခာများကို ထောက်ပံ့ပေးထားမည် ဖြစ်ပါသည်။

လျှောက်ထားလိုသူများအနေဖြင့် အောက်တွင်ဖော်ပြထားသော NEW MYANMAR FOUNDATION ၏ နေရာထိုင်ခင်း တာ၀န်ခံ ဖုန်းနံပါတ် +66 947 841 967 သို့ တနင်္လာ မှ သောကြာနေ့ (မနက် ၉း၀၀ မှ ညနေ ၆း၀၀ အတွင်း) ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါသည်။

တာဝန်ခံ

New Myanmar Foundation

Phone : +66 947 841 967

30th May 2023

ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party မဲဆောက်ခရိုင် ကိုယ်စားပြု အမတ်လောင်း Ratchapongse နှင့် NMF ၏ Executive Director (Dr Sann Aung) တို့နှင့်တွေ့ဆုံခြင်း

ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party မဲဆောက်ခရိုင် ကိုယ်စားပြု အမတ်လောင်း Ratchapongse နှင့် NMF ၏ Executive Director (Dr Sann Aung) တို့နှင့်တွေ့ဆုံခြင်း

၂၀၂၃ ခုနှစ် ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party မဲဆောက်ခရိုင် ကိုယ်စားပြု အမတ်လောင်း (Ratchapongse) နှင့် New Myanmar Foundation ၏ Executive Director (Dr Sann Aung) တို့ တွေ့ဆုံမိတ်ဆက်၍ လက်ရှိနယ်စပ်တလျှောက် ကြုံတွေ့နေရသော မြန်မာပြည်သူ/သားများ၊ ထွက်ပြေးတိမ်းရှောင်များ၏ အခက်အခဲများကို အလွတ်သဘောဆွေးနွေးပြောဆိုရင်း Move Forward Party ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထားအား ၀မ်း‌မြောက်ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။

လူ့အခွင့်အရေးအခြေခံသင်တန်းနှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူခြင်း

လူ့အခွင့်အရေးအခြေခံသင်တန်းနှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူခြင်း

New Myanmar Foundation မှ စီစဉ်ကျင်းပသော လူ့အခွင့်အရေး အခြေခံအမြင်ဖွင့်သင်တန်းနှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်း အပတ်စဉ် (၈) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ မှ (၉)ရက်နေ့ အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယင်းသင်တန်းတွင်

● လူ့အခွင့်အရေးအခြေခံအယူအဆသဘောတရား

● လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း

● အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း

● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက် အခွင့်အရေးများ

● အစိုးရ၏တာဝန်ဝတ္တရားများ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်များ

● Digital Security & Privacy

အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

သင်တန်းအချက်အလက်များ

————————————————

သင်တန်းကျင်းပမည့်ရက် – ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ မှ (၉)ရက်နေ့ အထိ (၅ ရက်ကြာ)

သင်တန်းအချိန်- မနက် (၉) နာရီမှ ညနေ (၃) နာရီထိ (ပို့ချဆွေးနွေးချိန် ၅ နာရီ၊ နေ့လယ်စာနားချိန် ၁ နာရီ)

သင်တန်းအမျိုးအစား- Online Class (Zoom)

သင်တန်းတက်ရောက်ရန် အခြေခံလိုအပ်ချက်များ

————————————————–

● Online သင်တန်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် Mobile Phone/ Computer နှင့် အင်တာနက်ကို ကောင်းစွာအသုံးပြုနိုင်သူ၊

● Zoom Account နှင့် Signal/Telegram Account များရှိပြီး အသုံးပြုနိုင်သူ၊

● လူ့အခွင့်အရေးနှင့်ပတ်သက်သည်များကို သိလိုစိတ်ပြင်းပြသူ(လေ့လာလိုသူ)၊

● အခြေခံပညာအလယ်တန်းအဆင့်ထိသင်ယူခဲ့ဖူးသူ၊

● အသက်(၁၈)နှစ်ပြည့်ပြီးသူ၊

● သင်တန်းအတွင်းတက်ကြွစွာပူးပေါင်းပါဝင်နိုင်သူ၊

● သင်တန်းကာလ(၅)ရက်ကို ပြီးဆုံးသည်အထိတက်ရောက်နိုင်သူ၊

● လူ့အခွင့်အရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ကိုင်လိုသူ၊

● လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ။

**အမျိုးသမီးများ၊ LGBTQ များ၊ မသန်စွမ်းများ အားလုံးပါ၀င်တက်ရောက်ရန် အထူးတိုက်တွန်းပါသည်။ သင်တန်းသားရွေးချယ်ရာတွင် အမျိုးသမီးများပါဝင်မှု ၃၀% နှင့်အထက်ရှိစေရန် သတ်မှတ် ရွေးချယ်ပါသည်။

**သင်တန်းတက်ရောက် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီသူများသာ လျှောက်ထားရန်ဖြစ်ပါသည်။

သင်တန်းလျှောက်ထားရန် Google Form Link

https://docs.google.com/…/1FAIpQLScHGVsnikP…/viewform…

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကို Email, Signal တို့ဖြင့် ဆက်သွယ်သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email/Message ကို စစ်ဆေးရန် လိုအပ်ပါသည်။

သင်တန်းတစ်ကြိမ်လျှင် (၂၅) ဦးခန့်သာ ကန့်သတ်ထားပြီး ယခုကဲ့သို့ သင်တန်းများကို လစဉ်ပုံမှန် ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အခြေခံလိုအပ်ချက်များနှင့်ကိုက်ညီပြီး ယခင်သင်တန်းများသို့ လျှောက်ထားခဲ့ရာတွင် တက်ရောက်ခွင့်မရရှိခဲ့သူများလည်း ပြန်လည်လျှောက်ထားနိုင်ပါသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနှင့် အီးမေးလ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Phone: +66 811 813 722

Email: humanrightsone.nmf@gmail.com,

nmf.itofficer@gmail.com

ထိုင်းနိုင်ငံ၏ ၂၀၂၃ အထွေထွေရွေးကောက်ပွဲကြီးအား တရားမျှတ လွတ်လပ်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ၀မ်းမြောက်ဂုဏ်ယူကြောင်းသ၀ဏ်လွှာ

ထိုင်းနိုင်ငံ၏ ၂၀၂၃ အထွေထွေရွေးကောက်ပွဲကြီးအား တရားမျှတ လွတ်လပ်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ၀မ်းမြောက်ဂုဏ်ယူကြောင်းသ၀ဏ်လွှာ

နေ့စွဲ – ၁၆.၅.၂၀၂၃

၂၀၂၃ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများမှ တရားမျှတလွတ်လပ်သော မဲပေးဆန္ဒပြုခွင့် ရရှိခဲ့သည့်အတွက် မြန်မာပြည်သူများ၏ကိုယ်စား များစွာ နှစ်ထောင်းအားရ ၀မ်းသာဂုဏ်ယူရပါသည်။

ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး၊တရားဥပဒေစိုးမိုးမှု၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားဖော်ဆောင်မှုတို့ကို ကြိုးပမ်းအားထုတ်ကာ ထိုင်းနိုင်ငံပြည်သူများအား အေးချမ်းသာယာစည်ပင်တိုးတက်သော လူ့ဘောင်သစ်သို့ ဦးဆောင်သွားနိုင်မည့် လမ်းစသစ် ပေါ်ပေါက်လာပြီ ဟုလည်း ယုံကြည်ပါသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သော Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ၏

“မူ၀ါဒအခြေခံ နိုင်ငံတကာဆက်ဆံရေး (Rule based Diplomacy) အား ကျင့်သုံးမည်၊ မြန်မာပြည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေး၊ ပါတီအားလုံးအကြား အပြုသဘောဆောင်သော အပြန်အလှန်ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အပြန်အလှန်ပြောဆိုဆွေးနွေးမှု လွယ်ကူစေရန် အာစီယံအထူးသံတမန်တစ်ဦးခန့်အပ်ခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများထောက်ပံ့ပေးရေး၊ မြန်မာနိုင်ငံသို့ အထူးသံတမန်ထံလည်ပတ်ခြင်းကို ခွင့်ပြုရေး စသည့် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (5 point consensus) ကို ထိုင်းနိုင်ငံအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ဦးစီးဆောင်ရွက်မည်။ လူသားချင်းစာနာသည့် အကူအညီများ အတွက် နယ်စပ်တလျှောက် (Humanitarian Corridor) စီစဥ်ဆောင်ရွက်သွားမည်။ အမေရိကန် လွှတ်တော်မှ အတည်ပြုခဲ့သည့် BURMA ACT ကို အကောင်အထည်ဖော်ရန်လည်း ကြိုးပမ်းသွားမည်။”

စသဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ပြောကြားချက်များအတွက် မြန်မာပြည်သူများကိုယ်စား အထူးကျေးဇူးတင်၀မ်းမြောက်ပါသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံလုံးသည် စစ်အာဏာသိမ်းမှုကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပါသည်။ သမိုင်းကြောင်းအရလည်း ယဥ်ကျေးမှု၊ ဘာသာတရား တူညီကြသည့် အိမ်နီးနားချင်းနိုင်ငံများ ဖြစ်ပါသည်။ ထိုင်းပြည်သူများနှင့် အစိုးရမှ မြန်မာဒုက္ခသည်များအား လက်ခံကူညီစောင့်ရှောက်ပေးနေသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ထို့အပြင် ပေါ်ပေါက်လာမည့် ထိုင်းအစိုးရနှင့် ခေါင်းဆောင် များသည် မိမိတို့၏ ဒီမိုကရေစီ အခွင့်အရေးများကို အသုံးချ၍ မြန်မာပြည်သူများအတွက်ပါ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး များ ရရှိအောင်၊ အထူးသဖြင့် စစ်အစိုးရမှ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်၊ နှိပ်စက်မှုများကို အမြန်ဆုံး ရပ်တန့်အောင် တားဆီးပေးနိုင်မည် ဟုလည်း ယုံကြည်မျှော်လင့်မိပါသည်။

ဤတရားမျှတလွတ်လပ်သော ရွေးကောက်ပွဲကြီးသည် ထိုင်းပြည်သူများ၏အကျိုးကို ဦးထိပ်ထားမည့် အစိုးရနှင့် ခေါင်းဆောင် များကို ရွေးကောက်တင်မြှောက်ပေးနိုင်ခဲ့သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ပြည်သူမှရွေးချယ်တင်မြှောက်သော၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားသော ပြည်သူ့အစိုးရတရပ် အလျင်အမြန်ပေါ်ထွန်းလာနိုင်စေရန် ကြီးစွာသောအထောက်အပံ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်¬¬ပါသည်။

NEW MYANMAR FOUNDATION