Apr 13, 2023
New Myanmar Foundation မှ ဦးဆောင်၍ လူ့အခွင့်အရေး အခြေခံ အမြင်ဖွင့်သင်တန်းများကို ကျင်းပပြုလုပ်လျက်ရှိရာ သင်တန်းအပတ်စဉ် (၅) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၀)ရက် မှ (၂၄)ရက် အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ တစ်ရက်လျှင် ပို့ချဆွေးနွေးချိန် (၅) နာရီ ကြာမြင့်မည်ဖြစ်ပြီး၊ နေ့စဉ် မြန်မာစံတော်ချိန် နံနက် (၉) နာရီမှ (၁၂) နာရီထိ သင်တန်းပထမပိုင်း၊ နေ့လယ် (၁) နာရီမှ (၃) နာရီအထိ သင်တန်းဒုတိယပိုင်းကို ကျင်းပသွားမည်ဖြစ်ပါသည်။ ယင်းသင်တန်းတွင်
● လူ့အခွင့်အရေးအခြေခံအယူအဆသဘောတရား
● လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း
● အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း
● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက် အခွင့်အရေးများ
● အစိုးရ၏တာဝန်ဝတ္တရားများ၊လူ့အခွင့်အရေးလုပ်ငန်းစဉ်များ
● Digital Security & Privacy
စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
သင်တန်းအချက်အလက်များ
သင်တန်းကာလ- (၅) ရက်
သင်တန်းကျင်းပမည့်ရက် – ဧပြီလ (၂၀) ရက်မှ (၂၄) ရက်ထိ
သင်တန်းအချိန်- မနက် (၉) နာရီမှ ညနေ (၃) နာရီထိ
သင်တန်းအမျိုးအစား- Online Class (Zoom)
သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ
● Online သင်တန်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် Mobile Phone/ Computer နှင့် အင်တာနက်ကို ကောင်းစွာအသုံးပြုနိုင်သူ၊
● Zoom Account နှင့် Signal/Telegram Account များရှိပြီး အသုံးပြုနိုင်သူ၊
● လူ့အခွင့်အရေးနှင့်ပတ်သက်သည်များကို သိလိုစိတ်ပြင်းပြသူ(လေ့လာလိုသူ)၊
● အခြေခံပညာအလယ်တန်းအဆင့်ထိသင်ယူခဲ့ဖူးသူ၊
● အသက်(၁၈)နှစ်ပြည့်ပြီးသူ၊
● သင်တန်းအတွင်းတက်ကြွစွာပူးပေါင်းပါဝင်နိုင်သူ၊
● သင်တန်းကာလ(၅)ရက်ကို ပြီးဆုံးသည်အထိတက်ရောက်နိုင်သူ၊
● လူ့အခွင့်အရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ကိုင်လိုသူ၊
● လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ။
**အမျိုးသမီးများ၊ LGBTQ များ၊ မသန်စွမ်းများ အားလုံးပါ၀င်တက်ရောက်ရန်လည်း အထူး ဖိတ်ခေါ်အပ်ပါသည်။
သင်တန်းလျှောက်ထားရန် Google Form Link
https://docs.google.com/…/1FAIpQLSfibmMrh2Z…/viewform…
သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကို Email မှတဆင့် ဆက်သွယ်သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email ကို စစ်ဆေးရန် လိုအပ်ပါသည်။
သင်တန်းတစ်ကြိမ်လျှင် (၂၅) ဦးခန့်သာ ကန့်သတ်ထားသော်လည်း လူ့အခွင့်အရေးအခြေခံ အမြင်ဖွင့်သင်တန်းများကို လစဉ်ပုံမှန်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ယခင်ဖွင့်လှစ်ခဲ့သည့် သင်တန်းများသို့လျှောက်ထားခဲ့ပြီး တက်ရောက်ခွင့်မရရှိခဲ့သူများလည်း ပြန်လည်လျှောက်ထား နိုင်ပါသည်။
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနှင့် အီးမေးလ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
Phone: +66 811 813 722
Email: [email protected], [email protected]
Apr 12, 2023
မိဘပြည်သူအပေါင်းတို့ခင်ဗျာ – – – – –
ဝမ်းနည်းကြေကွဲစွာဖြင့် ဤစာကို ပေးပို့အပ်ပါသည်။
ယမန်နေ့ ( ၁၁.၄.၂၀၂၃ ) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာတွင် အခမ်းအနားတစ်ခုအတွက် စုဝေးနေကြသော သာမန်အရပ်သူ၊ အရပ်သားများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သဖြင့် ကလေးငယ်များအပါအဝင် လူ( ၁၀၀) ကျော် သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။ ၎င်းဒဏ်ရာရ၊ သေဆုံးသူများကို ကူညီ၍ ဆေးဝါးကုသမှုပေးရန် စီစဉ်ကယ်ထုတ်နေသူများကို လည်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်ပါသည်။
ဤကဲ့သို့ အပြစ်မဲ့ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် လူမဆန်စွာ၊ ညှင်းပန်းသတ်ဖြတ်မှုများကို မြန်မာ စစ်တပ်မှ ကျူးလွန်နေသည်မှာ နှစ်ရှည်လများ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့သော ကျူးလွန်မှုများကို ယခင်ကလည်း ပြည်သူများ (အထူးသဖြင့်) တိုင်းရင်းသားညီအကိုမောင်နှမများအပေါ် အကြမ်းဖက် စစ်ကောင်စီမှ ကျူးလွန်နေခဲ့ကြသော်လည်း သတင်းဖြန့်ဝေနိုင်မှုနည်းပညာ အားနည်းနေသဖြင့်သာ ကျယ် ကျယ်ပြန့်ပြန့် မသိရှိရခြင်းဖြစ်ပါသည်။
ပြည်သူများကို ရန်သူသဖွယ် နှိပ်စက်သတ်ဖြတ်နေသော မြန်မာစစ်တပ်နှင့်တကွ စစ်အာဏာရှင် များကို အမြန်ဆုံး ဖယ်ရှားသုတ်သင်ရန်မှာ ကျွန်တော်တို့အားလုံးအပေါ် ကျရောက်နေသော သမိုင်းပေး တာဝန် ဖြစ်ပါသည်။ ယခုချက်ချင်း အကောင်အထည်ဖော် လုပ်ဆောင်ရမည့် လုပ်ငန်းလည်းဖြစ်ပါသည်။ ပြည်သူ တစ်ရပ်လုံး ညီညွတ်စွာဖြင့် လုပ်ဆောင်ရန် အထူးလိုအပ်ပါသည်။
အကြမ်းဖက်စစ်တပ်ကို ကြံ့ကြံ့ခံ၍ နည်းမျိုးစုံဖြင့် ခုခံတော်လှန်နေကြသော ပြည်သူအားလုံးအား ချီးကျူးဂုဏ်ပြုအပ်ပါသည်။ ယခုကြုံတွေ့နေရသော ဆင်းရဲဒုက္ခအပေါင်းကို ရင်ဆိုင်၍ ဆက်လက် တိုက်ပွဲ ဝင်သွားကြရမည်ဟုလည်း ယုံကြည်ပါသည်။
နိုင်ငံတကာရောက် မြန်မာပြည်သူအပေါင်းကလည်း တိုက်ပွဲဝင် ပြည်သူအပေါင်းကို ဆထက်ထမ်းပိုး ဆက်လက် ထောက်ပံ့ကူညီပေးကြပါရန် လေးစားစွာ အနူးအညွတ်ပန်ကြားအပ်ပါသည်။
မိမိတို့အနေဖြင့်လည်း စစ်အာဏာရှင်စနစ် ပပျောက်ချုပ်ငြိမ်းသည်အထိ မြန်မာပြည်သူများနှင့်အတူ ဆက်လက်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုအပ်ပါသည်။
New Myanmar Foundation(NMF)
Apr 12, 2023
လျှောက်လွှာလက်ခံမည့်ကာလ : ( ၁၂.၄.၂၀၂၃ ) မှ ( ၂၆.၄.၂၀၂၃ ) အထိ
နေရာ : မဲဆောက်
အစမ်းခန့်ကာလ : ( ၃ ) လ
လစာ : ( ၆၀၀၀ ) – ( ၁၀၀၀၀ ) ဘတ်အတွင်း
အစီရင်ခံရမည့်သူ : Executive Director, BODs .
လုပ်ဆောင်ရမည့်တာ၀န်များမှာ အောက်ပါအတိုင်းဖြစ်သည်၊၊
– Program များ အကောင်အထည်ဖော်ခြင်းနှင့် အဆင်ပြေချောမွေ့စေရန် အကြံဉာဏ်ပေးရမည်။
– Foundation ၏ Senior Staff များနှင့် မိမိ၏ ကျွမ်းကျင်မှုများကို မျှဝေခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ပေးရမည်။
– နည်းပညာပိုင်းဆိုင်ရာ ဒီဇိုင်းများအတွက် Application များကို သတ်မှတ်အကြံပြုခြင်းများကို ပြုလုပ်ပေးရမည်။
– နည်းပညာရပ်ပိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရမည်။
– Program/Project ပိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများတွင် ပါ၀င်သူအဖွဲ့၀င်များအား သက်ဆိုင်ရာပညာရပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ အကြံဉာဏ်/အထောက်အကူများပေးရမည်။
– စီမံခန့်ခွဲမှု၊ လုပ်ငန်းလုပ်ဆောင်မှုနဲ့ ဘဏ္ဍာရေး အစီအစဉ်များအပေါ် လေ့လာသုံးသပ်ချက်များနှင့် အစီအစဥ်ရေးဆွဲပေးရမည်။
– Foundation နှင့် ပတ်သက်၍ လိုအပ်နေသောအပိုင်းများ၊ စီမံခန့်ခွဲမှုများအား Executive Director ထံတိုက်ရိုက် တင်ပြဆွေးနွေးအကြံ ပြုရမည်။
အသေးစိတ်ကို အောက်ပါ link တွင် ဖတ်ရှု့နိုင်ပါသည်။
https://drive.google.com/…/1t_0eXpUhZ7h_KOl2-SRpcvi…
လျှောက်လွှာတင်ရန် : [email protected]
– CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။
– Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
– CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
အသေးစိတ်မေးမြန်းလိုပါက :
Admin Officer
Phone Number – +66 62 687 4266
Signal Number – +66 62 687 4266
Email – [email protected]
HR & Admin Department
NEW MYANMAR FOUNDATION
Apr 11, 2023
ထိုင်း -– မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ ရွှေကုက္ကို နယ်မြေတွင် စစ်ပွဲများပြင်းထန်သဖြင့် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ပြည်သူများမှာ ဧပြီ (၅) ရက်နေ့မှစ၍ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။ တိမ်းရှောင်လာသော လူဦးရေပေါင်း (၁၀,၀၀၀) ကျော်ခန့်မှာ ဆိတ်ခြံ ၊ နွားခြံ၊ ရော်ဘာခြံ၊ ပြောင်းဂိုထောင်၊ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်းဝင်း များအတွင်း နေရာချထားပေးခံရပီး အစားအစာ၊ သောက်ရေ၊ ဆေးဝါးနှင့်အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိပါသည်။ တိုက်ပွဲများစတင်ဖြစ်ပွားပြီးချိန်မှစ၍ ထိုင်းနိုင်ငံ နယ်စပ် သို့ ထွက်ပြေး တိမ်းရှောင်လာသော ပြည်သူများအား ထိုင်းနိုင်ငံအတွင်းရှိ NGOအဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ၊ ပုဂ္ဂိလကအလှူရှင်များနှင့် ထိုင်းဒေသခံများမှ စားအစာ၊ သောက်ရေ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများအား လာရောက်လှူဒါန်းပေးလျက်ရှိပါသည်။ New Myanmar Foundation အနေဖြင့် စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ စစ်ဘေးရှောင် ပြည်သူများအတွက် ဆေးဝါးများလှူဒါန်း ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား ဧပြီ(၈) ရက်နေ့မှစ၍ ကျန်းမာရေးတာဝန်ခံ Dr.Moon မှ လုပ်ဆောင်လျှက်ရှိပါသည်။ ဧပြီ (၈)ရက်နေ့နှင့် (၉)ရက်နေ့တွင် ထိုင်းနိုင်ငံ အမှတ်(၂)ဂိတ်အနီး ဘုရားတောင် စခန်းအတွင်းရှိ ဆိတ်ခြံတွင် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း (၂၀၀၀)နီးပါခန့်ရှိပီး ထိုထဲမှ ကျန်းမာရေး မကောင်းသော အရေးကြီးလူနာ (၆၀) ကျော်အား ဆေးဝါးလှူဒါန်းပြီး ကုသမှုပြုလုပ် ပေးခဲ့ ပါသည်။ ဧပြီ (၁၀)ရက်နေ့တွင်လည်း ဘုရားတောင် ဘုရားဝင်းအတွင်းတွင် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း (၁၅၀)ခန့်ရှိနေပြီး အလှူရှင်များထံမှ လှူဒါန်းမှုများမရရှိသေးကြောင်းနှင့် ကျန်းမာရေးမကောင်းသူ များရှိနေသည်ဟု သတင်းရရှိသဖြင့် ထိုနေရာသို့သွားကာ ကျန်းမာရေးမကောင်းသော လူနာ (၃၅) ဦးကျော်အား ဆေးဝါးများ လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု များအားပြုလုပ်ပေးခဲ့သည်။
New Myanmar Foundation
Apr 10, 2023
၂၀၂၃ ခုနစ် နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အွန်လိုင်းထိုင်းဘာသာစကား သင်တန်းအစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။
နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ထိုင်းနိုင်ငံအတွင်း နေထိုင်စဥ် နေ့စဥ် ကြုံတွေ့ရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၁၄) ရက်မှ ဇူလိုင် (၂၂) ရက်နေ့အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၂) ကို သြဂုတ်လ (၈) ရက်နေ့မှ ဒီဇင်ဘာ (၉) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၃) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ မတ်လ (၁၉) ရက်၊ ၂၀၂၃ ခုနှစ် အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။
ဖွင့်လှစ်ပြီးစီးခဲ့သော သင်တန်းအပတ်စဉ် (၃) ခုမှ သင်တန်းသား/ သင်တန်းသူ (၁၈၅) ဦးအား သင်တန်းပြီးဆုံးကြောင်းလက်မှတ်များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီဖြစ်သည်။ သင်တန်းမှ သင်ကြားပေးခဲ့သော ထိုင်းဘာသာစကားကို လက်တွေ့တွင် ပြန်လည်အသုံးချနိုင်ကြကြောင်း သင်တန်းသားများထံမှ စကားသံများလည်း ကြားသိခဲ့ရသည့်အတွက် ဤသင်တန်းများသည် မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအတွက် အတိုင်းအတာတစ်ခုထိ အကျိုးပြုပေးနိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
ယခုလက်ရှိတွင် နယူးမြန်မာဖောင်ဒေးရှင်းသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့မှစတင်ကာ ထိုင်းဘာသာစကား သင်တန်းအပတ်စဥ် (၄) ကို ဖွင့်လှစ်ခဲ့ပြီး စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးဖြင့် သင်တန်းသား/ သင်တန်းသူ (၁၃၆) ဦးကို သင်ကြားပေးလျက်ရှိနေပါသည်။
ထိုင်းဘာသာစကားသင်တန်းများ စဥ်ဆက်မပြတ် တိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းနှင့် သင်ကြားပေးသောဆရာနှင့်ပတ်သတ်၍ သင်တန်းသား/သူများ၏ သဘောထားအမြင်များ၊ ဝေဖန်အကြံပြုချက်များကို Evaluation Form များမှတဆင့် တောင်းခံရယူလျက်ရှိပြီး ရရှိလာသောအချက်အလက်များကိုလည်း သင်တန်းနှင့် သင်တန်းသား/ သင်တန်းသူများ၏အကျိုးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဖြစ်သည်။
ထိုင်းဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ သိရှိလိုသည်များရှိပါက ဖုန်းနံပါတ် – +669 27 833 262 သို့ တိုက်ရိုက် ဖုန်းနှင့်ဆက်သွယ်၍ဖြစ်စေ၊ Signal, Telegram များမှတဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပြီး email: [email protected] သို့လည်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
ဘာသာစကားသင်တန်းတာဝန်ခံ
နယူးမြန်မာဖောင်ဒေးရှင်း
Ph.: +669 27 833 262
Signal: +669 27 833 262
Telegram: +669 27 833 262
Email: [email protected]