New Myanmar Foundation ၏ ရိက္ခာမျှဝေခြင်းနှင့် ပတ်သက်သည့် သတင်းစကား

New Myanmar Foundation ၏ ရိက္ခာမျှဝေခြင်းနှင့် ပတ်သက်သည့် သတင်းစကား

ဒီဇင်ဘာလ (၁) ရက်နေ့မှ ဇန်နဝါရီလ(၁၅) ရက်နေ့အတွင်း NMF တွင်လျှောက်ထားသူ(၆၅၁) ဦးအား 27-2-2023 ရက်နေ့တွင် မနက်(၇)နာရီမှ ညနေ (၆) နာရီတွင်လည်းကောင်း၊ 28-2-2023 ရက်နေ့တွင် မနက် (၇) နာရီမှ ညနေ (၃)နာရီအထိလည်းကောင်းရိက္ခာအစားငွေကြေးမျှဝေမည်ဖြစ်ပါသည်။

ရိက္ခာထုတ်ယူရမည့် သူများအား Signal မှ တစ်ဦးချင်းထံ ယနေ့24-2-2023 ရက်နေ့တွင် အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ ရက်အတွင်းလျှောက်ထားသူများ မိမိ Signal အားသတိပြုကြည့်ပေးကြရန် ကြိုတင်အသိပေးအပ်ပါသည်။

အထက်ပါ မျှဝေရန် ပြင်ဆင်ရမည့်အတွက် 24-2-2023 နှင့် 27-2-2023 (2) ရက်တွင် မေးမြန်းဆက်သွယ် လာသည့် ဖုန်းများအား Signal မှ သော်လည်းကောင်း ၊ Phone ကိုင်၍သော် လည်းကောင်း ယခုအချိန်မှစ၍ အကြောင်းပြန်နိုင်ခြင်း မရှိသည့်အပေါ် နားလည်ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

ရိက္ခာတာဝန်ခံ

စစ်ကောင်စီမှကျူးလွန်ခဲ့သည့် လူ့အခွင့်ရေး ချိုးဖောက်မှု အချက်လက် မှတ်တမ်းများ

စစ်ကောင်စီမှကျူးလွန်ခဲ့သည့် လူ့အခွင့်ရေး ချိုးဖောက်မှု အချက်လက် မှတ်တမ်းများ

New Myanmar Foundation သည်အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးအချိုးဖောက်မှုများကို တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စောင့်ကြည့်လေ့လာမှတ်တမ်းပြုစုလျှက်ရှိပါသည်။ အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို Online သတင်းမှတ်တမ်းများအား အခြေခံ၍ ပြုစုခဲ့ကြခြင်းဖြစ်ပါသည်။

လူ့အခွင့်ရေး ချိုးဖောက်မှု အချက်လက် မှတ်တမ်းများ ကို

https://drive.google.com/…/1gdI5PrFlRZDqrVUWXfk…/view… မှာ ဖတ်ရှုနိုင်ပါသည်။

ယခုဖော်ပြပါ မှတ်တမ်းများသည် (၀၁.၀၂.၂၀၂၃) မှ (၁၄.၀၂.၂၀၂၃) အတွင်း ခိုင်လုံတိကျသော Online သတင်းအရင်းမြစ် များမှ ရယူမှတ်တမ်းပြုစုထားသည့် အချက်အလက်များဖြစ်ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းများအား မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာမှ သိရှိစေရန်အတွက်လည်းကောင်း၊ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါ အထောက်အပံ့ဖြစ်စေရန်အတွက်လည်းကောင်း ရက်သတ္တပတ် (၂) ပတ်လျှင် တစ်ကြိမ် စီ၊ သောကြာ နေ့တိုင်း ထုတ်ပြန်ဖော်ပြသွားမည်ဖြစ်ရာ အကြံပြုချက်များနှင့်၊ တိကျခိုင်လုံသော လူ့အခွင့်ရေး ချိုးဖောက်မှု အချက်အလက်များအား အောက်ဖော်ပြပါ Email နှင့် Signal နံပါတ်သို့ ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

New Myanmar Foundation – Human Rights Department

humanrights.nmf@gmail.com

Signal – +66808986684

Online English Classes အပတ်စဥ်(၄)အတွက် သင်တန်းသားခေါ်ယူခြင်း

Online English Classes အပတ်စဥ်(၄)အတွက် သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊မဲဆောက်မြို့သို့ရောက်ရှိနေကြသည့် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် NMF မှ ဖွင့်လှစ်လျက်ရှိသောOnline အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ်(၄) ကို မတ်လ (၂)ရက်၊ ၂၀၂၃ ခုနှစ် (ကြာသပတေးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အင်္ဂလိပ်ဘာသာစကားပြောကို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။  

သင်တန်းကာလမှာ (၃)လ ကြာမြင့်မည်ဖြစ်ပြီး အခြေခံအဆင့် အင်္ဂလိပ်ဘာသာစကားသင်တန်းများကို Foundation Class A နှင့် B ဟူ၍ အတန်းခွဲ နှစ်ခုခွဲကာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းများကို အောက်ပါ အချိန်ဇယားများအတိုင်း Zoom Application မှတဆင့် သင်တန်းဆရာ (၂) ဦးက သင်ကြားပေးသွားမည်ဖြစ်ပါသည်။

တက်ရောက်နိုင်သော အတန်းများ-

1. Foundation Class A: Monday, Wednesday, 5:30 – 7 PM

2. Foundation Class B: Monday, Wednesday, Thursday, 2 – 3:30 PM

သင်တန်းတက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ နေ့အထိ ဖွင့်လှစ်ကာ လျှောက်ထားလာသော သင်တန်းသား/သင်တန်းသူများကို လက်ခံပေးသွားမည် ဖြစ်ပါသည်။ 

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသောကြောင့် သင်တန်းသို့ လျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အွန်လိုင်းအင်္ဂလိပ်စကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် – 

https://forms.gle/vHcyRUtYYdpqq6P77

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်သို့ ဖုန်းဖြင့်သော်လည်းကောင်း၊ Signal, Telegram နှင့် Email များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Phone – +66927833262

Signal – +66927833262

Telegram – +66927833262

Email: language.nmf@gmail.com

Digital Literacy & Security အပတ်စဉ် ( ၁၁ ) သင်တန်းသားခေါ်ယူခြင်း

Digital Literacy & Security အပတ်စဉ် ( ၁၁ ) သင်တန်းသားခေါ်ယူခြင်း

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် ရည်ရွယ်၍ New Myanmar Foundation မှ ဦးစီး ဖွင့်လှစ်သည့် Digital Literacy & Security Training အပတ်စဉ် (၁၁) ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် စိတ်ပါ၀င်စားသူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းအချက်အလက်များ

===================

☘️ သင်တန်းကာလ- (၅) ရက်

☘️ သင်တန်းအချိန်- မြန်မာစံတော်ချိန် ည ၇ နာရီမှ ၉ နာရီထိ

☘️ သင်တန်းစတင်မည့်ရက် – ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ မှ (၂၄) ရက် နေ့ ထိ ။

သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ

———————————————————-

☘️ အွန်လိုင်း သင်တန်းဖြစ်သဖြင့် သင်တန်းသားထံတွင် အင်တာနက်စနစ် ရှိရန်။

☘️ ဒီဂျစ်တယ်လုံခြုံရေးသင်ခန်းစာများတွင် ဖုန်းဖြင့် လက်တွေ့လုပ်ဆောင်ကြရမည် ဖြစ်သဖြင့် စမတ်ဖုန်း တစ်လုံး ရှိရန် ။

☘️ သင်တန်း အစမှ အဆုံးထိ တက်ရောက်နိုင်သူ။

☘️ လိုအပ်ပါက မိမိ ပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည် ၀ေငှ ပေးရန် ဆန္ဒရှိသူ ။

☘️ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ ။

☘️ ( အမျိုးသမီးများ၊ LGBTIQ များ၊ မသန်စွမ်းများ အားလုံး ပါ၀င်တက်ရောက်ရန်လည်း အထူးဖိတ်ခေါ်အပ်ပါသည်။ )


သင်တန်းတွင် ပါ၀င်သည့် အခြေခံ အကြောင်းအရာများ

====================================

☘️ Operating System နှင့် ကွန်ပျူတာများ အလုပ်လုပ်ပုံ၊

☘️ Internet နှင့် Mobile Phone ကွန်ယက်များအလုပ်လုပ်ပုံ၊ VPN အလုပ်လုပ်ပုံ

☘️ Signal, Telegram, Facebook Messenger, Viber, အစရှိသည့် Messaging Apps များလုံခြုံစွာ အသုံးပြုနိုင် မည့် နည်းလမ်းများ ၊ VPN အသုံးပြုနည်းများ ၊

☘️ Email နှင့် Email Providers များအကြောင်း ၊ Password များလုံခြုံစွာ အသုံးပြုရန် နည်းလမ်းများ၊

☘️ Google မှ Provide လုပ်ထားသော Email Client ဖြစ်သည့် Gmail အသုံးပြုနည်း နှင့် အသုံးများသည့် Google Products များဖြစ်သည့် Docs, Slide, Sheets, Keep, Drive, Form, Maps, Photo,

☘️ Domain, Hosting များနှင့် CMS Website တစ်ခုတည်ဆောက်ပုံအဆင့်ဆင့်

☘️ သင်တန်းသားများ သိလိုသည်များ ။

အပတ်စဉ် (၁၁) သင်တန်းလျှောက်ရန်အတွက် ဒီမှာဝင်ရောက် ဖြည့်စွက်နိုင်ပါတယ်။

=======================================================

သင်တန်းနှင့် ပက်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါ ဖုန်းနှင့် အီးမေးလ်များသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

Phone – +66 27353 200

Email : new.myanmar.foundation@gmail.com, nmf.itd22@gmail.com,

NMF နှင့်လက်တွဲလုပ်ကိုင်ရန် Technical Advisor ခေါ်ယူခြင်း

NMF နှင့်လက်တွဲလုပ်ကိုင်ရန် Technical Advisor ခေါ်ယူခြင်း

NMF နှင့်လက်တွဲလုပ်ကိုင်ရန် Technical Advisor ရာထူးအတွက်လျှောက်လွှာများခေါ်ယူလျက်ရှိပါသည်။လုပ်ငန်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို Download လုပ်ယူနိုင်ပါသည်။ CV ကိုအောက်ပါ Email သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

☘️ CV ထဲတွင် လုပ်ဆောင်ခဲ့သော လုပ်ငန်းများအား နှစ်အလိုက် ပြည့်စုံစွာထည့်သွင်း ရေးသားရန်။

☘️ ပြည်တွင်းအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ခဲ့ဖူးပါက ထည့်သွင်းရေးသားရန်။

☘️ CV ထဲတွင် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ယောက်၏ နာမည်, ဆက်သွယ်လို့ရမည့် ဖုန်းနံပါတ်, email, signal ဖုန်းနံပါတ်များ ထည့်သွင်းရေးသားရန်။

အသေးစိတ်မေးမြန်းလိုပါက

================

Khine Wint Yi

Phone Number – 0990104090

Signal – 09420006843

afinance.nmf@gmail.com

New Myanmar Foundation