အခမဲ့ အခြေခံမော်တာ စက်ချူပ်သင်တန်းအတွက် အလှူခံခြင်း

Jan 16, 2023 | VOCATIONAL TRAINING

အခမဲ့ အခြေခံမော်တာ စက်ချူပ်သင်တန်းအတွက် အလှူခံခြင်း

နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက်ရောက်မြန်မာ့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန် ရည်ရွယ်လျက် အသက်မွေးဝမ်းကြောင်း သင်တန်းများ ပို့ချသင်ကြားပေးလျက်ရှိပါသည်။ ထိုသင်တန်းများထဲမှ အခမဲ့ အခြေခံမော်တာ စက်ချူပ်သင်တန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အမျိုးသား/သမီး အခမဲ့ အခြေခံမော်တာ စက်ချူပ်သင်တန်းများကိုဖေဖော်ဝါရီလ၊ (၁)ရက်၊ ၂၀၂၂ခုနှစ် မှ စတင်ကာ ဖွင့်လှစ်ပေးခဲ့ပါသည်။

သင်တန်းအပတ်စဉ် (၁) မှ (၁၉) အထိ သင်တန်းအပတ်စဉ်တစ်ခုလျှင် (၅)ရက်ကြာသင်တန်းပေးခဲ့ပြီး ၊ အပတ်စဉ် (၂၀)မှ (၂၆)ထိ သင်တန်းအပတ်စဉ်တစ်ခုလျှင် (၁၀)ရက်ကြာတိုးမြင့်ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ သင်တန်းအပတ်စဉ် (၁)မှ (၂၆)ထိ သင်တန်းတက်ရောက်သူ စုစုပေါင်း (၂၅၅)ဦး၊ သင်တန်းသား (၁၀၇)ဦး၊ သင်တန်းသူ (၁၄၈)ဦး တက်ရောက်ခဲ့ပြီး ထိုအထဲမှ သင်တန်းသား (၉၄)ဦး၊ သင်တန်းသူ (၁၁၂)ဦး ကို အလုပ်အကိုင်ချိတ်ဆက် ရှာဖွေပေးနိုင်ခဲ့ပါသည်။

ထို့ကြောင့် ဤသင်တန်းသည် မဲဆောက်ရှိ မြန်မာဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် အမှန်တကယ် အကျိုးရှိသော အစီအစဉ်ဖြစ်ပါသည်။ သို့သော် ယခုအခါ အခမဲ့ အခြေခံမော်တာ စက်ချူပ်သင်တန်းကို ဆက်လက်ဖွင့်သင်ကြားနိုင်ရန်အတွက် ရံပုံငွေ အခက်အခဲများ ရှိနေပါသည်။ ဤသင်တန်းများ ဖြစ်မြောက်ရေး အတွက် “Australian Aid” မှ အထောက်အပံ့အချို့ကိုသာ လက်ခံရရှိပါသည်။

သို့ပါသောကြောင့် နိုင်ငံတကာနှင့်မဲဆောက်ရောက်မြန်မာပြည်သူ/သား တစ်ဦးချင်းမှ မိမိတို့တတ်စွမ်းသလောက် ပါဝင်ကူညီ ထောက်ပံ့ပေးကြပါရန် နယူးမြန်မာဖောင်ဒေးရှင်းမှ လေးစားစွာ မေတ္တာရပ်ခံလိုပါသည်။ ဤသင်တန်းကို ဆက်လက်ဖွင့်လှစ်ပေးနိုင်ပါက မဲဆောက်ရောက် မြန်မာပြည်သူ/သားများ လိုအပ်နေသော အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင် ပေးနိုင်မည်ဖြစ်သည့်အပြင် သင်တန်းသူ/သားများ၏ ဘဝရပ်တည်ရေးအတွက်လည်း အတတ်ပညာတစ်ခုကို ပေးစွမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။

 

September 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

New Myanmar Foundation ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၅ သြဂုတ်လအထိ လူဦးရေ (900) ဝန်းကျင်ခန့် အရေးပေါ် အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ...

𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာသော မြန်မာပြည်သူများ၏...

အခြေခံမော်တာစက်ချုပ်သင်တန်း တက်ရောက်ရန် စိတ်ပါဝင်စားသူများအတွက် သတင်းကောင်းပါးခြင်း

နယူးမြန်မာဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ရွှေ့ပြောင်းနေထိုင်လျှက်ရှိကြသော မြန်မာပြည်သူ/ ပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေများရရှိစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံ စက်ချုပ်မော်တာသင်တန်းများအား အခမဲ့ပေးအပ်လျှက်ရှိပြီး သင်တန်းကာလတစ်လျှောက်...

အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (11)သင်တန်းပိတ်ပွဲ အခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၁) ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ ညနေ (၃) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (65) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့ မှ (၂၈) ရက်နေ့အထိ (၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၆၅) သင်တန်းဆင်းပွဲ အခမ်း အနား ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့ ညနေ (၀၄: ၀၀) နာရီတွင်...

𝟮𝟱-𝟎𝟳-𝟐𝟎𝟐𝟓 မှ 𝟮𝟬-𝟎𝟴-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

25 . 7 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - မှို - 2.5 kg ၊ ကြက်ဟင်းခါးသီး - 4.5 kg ၊ ဘူးသီး - 61 kg ၊ ရုံးပတီသီး - 11 kg ၊ ချဉ်ပေါင်ရွက် - 22.5 kg ၊ သခွါးသီး - 93 kg ၊ ပဲတောင့်ရှည် - 22 kg နှင့် ကျောက်ဖရုံသီး - 20 kg - စုစုပေါင်း = 236 . 5 kg အား (...

𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏...

New Myanmar Foundation၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၆၆) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ...

အခမဲ့ ကွန်ပျူတာသင်တန်း အပတ်စဥ် (၉) အတွက်သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာပြည်သူ/ ပြည်သားများအတွက် ကျောင်းတက်ခြင်း နှင့် အလုပ်အကိုင် ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် လက်ရှိလုပ်ငန်းခွင်...