Dec 14, 2022
မဲဆောက်မြို့တွင်ရောက်ရှိနေသော ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သား အမျိုးသမီး များ အတွက် (၅) ပါတ်ကြာ အခမဲ့ဆံပင်အလှပြုပြင် သင်တန်းကို ၃-၁-၂၀၂၃ ရက်နေ့ (အင်္ဂါနေ့) တွင် မဲဆောက် သင်တန်းကျောင်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်း တက်ရောက်လိုသူများအနေဖြင့် သင်တန်းမှ ချမှတ်ထား သည့် အောက်ပါစည်းကမ်းချက်များကို လိုက်နာနိုင်ပါက Google Form (Form Link – https://forms.gle/KtMojT8SxsehKGaW9 ) တွင် ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။ လုပ်ငန်းအတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသော သင်တန်းဆရာမ ပြည့်ဖြိုးအိမှ အမျိုးသမီး ဆံပင်ညှပ်၊ ခေါင်းလျှော်၊ ဆေးစပ်၊ ဆံပင်ဖြောင့်၊ ဆေးဆိုးနှင့် ဆံပင်ကောက်/ဖွ ပညာတို့ကို စာတွေ့၊ လက်တွေ့တို့ဖြင့် သင်ကြားပေး မည်ဖြစ်ပါသည်။
သင်တန်းူများ လိုက်နာရမည့်စည်းကမ်းချက်များ –
သင်တန်းချိန်မှာ တစ်ပါတ်လျှင် (၆)ရက် (တနင်္ဂနွေနေ့မှ သောကြာနေ့) အထိ နံနက် (၈း၀၀) နာရီ မှ ညနေ ၄း၀၀) နာရီ ထိဖြစ်ပါသည်။ နေ့လည် ထမင်းစားနားချိန်မှာ နေ့လည် (၁၁း၀၀)နာရီ မှ (၁၁း၃၀) နာရီ အထိ ဖြစ်ပါသည်။
မနက် break time မှာ ( ၉း၃၀) နာရီ မှ (၉း၄၅) နာရီ အထိ ဖြစ်ပါသည်။
၁။ သင်တန်းကာလ (၅) ပါတ် အတွင်း သင်တန်းကျောင်းကို ပုံမှန်တက်ရောက်နိုင်ရမည်။ အနည်းဆုံး ကျောင်းခေါ်ချိန် ၇၅% ပြည့်ရန် လိုအပ်ပါသည်။
၂။ သင်တန်းူများသည် တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးပျူငှာစွာဆက်ဆံရမည်။ ကွင်းဆင်းလေ့လာချိန်အပါအဝင် သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊အမူအရာ ဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်း မပြုလုပ်ရပါ။ ကျူးလွန်ပါကသင်တန်းမှခြွင်းချက်မရှိထုတ်ပယ်ပါမည်။
၃။ လျှောက်ထားသူသည် စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးပါ ကောင်းမွန်သူဖြစ်ရမည်။ လုပ်ငန်းသဘာဝအရ အရေပြားရောဂါများနှင့် အခြားကူးစက်ရောဂါများ ကင်းရှင်းရန်လိုအပ်ပါသည်။ (ဥပမာ- တီဘီ၊ ပွေး၊ ဝဲ၊ ညှင်း)
၄။ သင်တန်းူများသည် မိမိအစီစဉ်ဖြင့် သင်တန်းသို့ လာရောက်သင်ကြားရမည်ဖြစ်ပြီး အစားအသောက်ကိစ္စများကိုလည်း မိမိကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ပါသည်။ (ကြို/ပို့ ကိစ္စများ ၊ မနက်/နေ့လည်/ညစာများကို စီစဉ်ပေးမည် မဟုတ်ပါ။)
၅။သင်တန်းခန်းမအတွင်း အရက်၊ဘီယာ၊ဆေးလိပ်၊ကွမ်း နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမပြုရပါ။
၆။သင်တန်းဆင်းချိန်တွင်သင်တန်းမှ သင်ထောက်ကူပစ္စည်းများအား အလှည့်ကျတာဝန်ဖြင့် စနစ်တကျသိမ်းဆည်းပြီး သင်တန်းခန်းမအား သန့်ရှင်းရေးပြန်လည်ပြုလုပ်ပေးခဲ့ရပါမည်။
၇။ အကြောင်းကိစ္စတစ်ခုခုရှိ၍ သင်တန်းပျက်ကွက်လိုပါက သင်တန်းမှူးထံ ကြိုတင် ခွင့်ပြုချက် တောင်းခံရမည်။
၈။ သင်တန်းပြီးဆုံးသည်အထိ တက်ရောက် သင်ယူနိုင်ရမည်။
၉။ သင်တန်းပြီးပါက လုပ်ငန်းခွင်ဝင်ရပါမည်။
၁၀။ အကယ်၍ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် ပန်းရောင်ကတ်လုပ်ရန်လိုအပ်ပါကလုပ်ရပါမည်။
ညနေ break time မှာ ( ၂) နာရီမှ (၂း၁၅) နာရီ အထိဖြစ်ပါသည်။
ဆံပင်နှင့်ပတ်သက်ပြီး သင်ကြားပေးသွားမည့် ပညာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဆံပင်ညှပ်
၂။ ခေါင်းလျှော်
၃။ ဆံပင်ဆေးဆိုး
၄။ ဆံပင်အရောင်ဆေးစပ်
၅။ ဆံပင်ကောက်/ဖွ
၆။ ဆံပင်ဖြောင့်
ဆံပင်ညှပ်ပညာရပ်များ သင်တန်းတွင်စားမေးပွဲဖြေဆိုပြီးပါက ကွင်းဆင်းလေ့လာရေးခရီးစဉ်ကို သင်တန်းမှစီစဉ်ပေးမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
New Myanmar Foundation
အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Nan Thin Thu Zar Ph: 0628499241, Signal +66 628 499 241, Email: [email protected]
Dec 12, 2022
New Myanmar Foundation နှင့် WLRC Myanmar တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၂၄) သင်တန်းဆင်းပွဲကို (၁၀-၁၂-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ WLRC Centerတွင်ကျင်းပပြုလုပ်ခဲ့ကြရာ သင်တန်းကို အောင်မြင် ပြီးမြောက်သည့်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ/သင်တန်းသား (၈) ယောက်ကို New Myanmar Foundation ၏ တာဝန်ခံ ဒေါက်တာစန်းအောင်မှ ကိုယ့်အားကိုယ်ကိုးစိတ်နဲ့ တက်ကြွစွာအလုပ်လုပ်ကြမှာမို့ ဂုဏ်ယူကြောင်း ၊ New Myanmar Foundation ၏ ကူညီပံ့ပိုးနေမှုများ ရှိသည်ကို ရှင်းပြပြီး စနစ် တကျရယူနိုင်ပါကြောင်း ၊ အလုပ်နှင့် ဂုဏ်သိက္ခာ ဆက်စပ်နေတာမို့ အလုပ်လုပ်ရာတွင် အလေးအနက်ထား အားစိုက်ကြစေလိုကြောင်း ၊ ရှင်းပြမှာကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ အလုပ်ခွင်ဝင် ရောက်ကြရန် အသင့်ဖြစ်နေကြပြီး အနာဂါတ်ရှိကြတဲ့ လူငယ်တွေဖြစ်ကြတာမို့ အားပေးကြောင်း ၊ အချင်းချင်း အဆက်အသွယ်လုပ်ကြရန် Group နှင့် ဖုန်းတွေကတဆင့် ဗဟုသုတဖလှယ်ကြရန် တိုင်ပင်ကြ ရန် ၊ ကိုယ့်နိုင်ငံအတွက် ကိုယ့်မိသားစုအတွက် တစ်ဒေါင့်တစ်နေရာက နိုင်သရွေ့ကူညီပံ့ပိုးကြရန် အားပေးပြောကြားခဲ့ပါသည်။
သင်တန်းတက်ရောက်သူ သင်တန်းသူ/သားများကလည်း သင်တန်း၏ အားနည်းချက် အားသာချက်များကို ဆွေးနွေး တင်ပြကြပါသည်။
အခမဲ့ အခြေခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –
၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။
သင်တန်းဆင်းပြီးနောက် သင်တန်းသူ/သား (၉)ဦးကိုလည်း အလုပ်ခွင်သို့ ပို့ဆောင်ပေးခဲ့ပါသည်။
အခမဲ့အခြေခံမော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Smile Project နှင့် Australian Aid ကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။
Dec 10, 2022
10.12.2022
မြန်မာပြည်သူပြည်သား အပေါင်းတို့ ခင်ဗျား –
၁၉၄၈ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights)ကို အတည်ပြုကြေညာခဲ့သည်မှာ ယနေ့အခါ (၇၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ၎င်းလူ့အခွင့်အရေးများသည် လူသားတိုင်း၏ မွေးရာပါအခွင့်အရေးများဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ၊ မည်သည့် အခြေအနေတွင်မျှ ဖယ်ရှားခြင်း၊ရုပ်သိမ်းခြင်း မပြုနိုင်ပါ။ ယခုနှစ် ၂၀၂၂အတွက် တကမ္ဘာလုံးမှ အလေးထားဇောင်းပေးသွားမည့် လူ့အခွင့်အရေးများမှာ လူသားတိုင်း၏ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတရေး တို့ဖြစ်ပါသည်။
ကမ္ဘာတဝှမ်းတွင် ဤလူ့အခွင့်အရေးများကို အနှစ်(၇၀)ကျော်တိုင် သတ်မှတ်ပြဌာန်း၊ ကျင့်သုံးနေခဲ့ကြပြီဖြစ်သော်လည်း မြန်မာပြည်သူများမှာမူ ၁၉၄၈ခုနှစ် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့သော ပြည်တွင်းစစ်နှင့် ၎င်းကိုအခြေခံ ကြီးထွားလာသော စစ်အာဏာရှင်စံနစ်အောက်တွင် လူ့အခွင့်အရေးအားလုံးကို ဆုံးရှုံးနေခဲ့ပြီး စစ်ကျွန်ဘဝသို့ သားစဉ်မြေးဆက်ရောက်ရှိ နေခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။
စစ်ကျွန်ဘဝတွင် စစ်တပ်၏ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများ၊ မတရားဖိနှိပ်အုပ်ချုပ်မှုများကြောင့် မြန်မာပြည်သူ များသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ဘက်ပေါင်းစုံတွင် ကျဆုံးနိမ့်ကျကာ၊ မြန်မာနိုင်ငံသမိုင်းတွင် မကြုံခဲ့ဘူးသော ဆင်းရဲငတ်ပြတ်မှု၊ လူမှုဒုက္ခအကြပ်အတည်းပေါင်းစုံ(Unprecedented Humanitarian Crisis )တို့အား ကြုံတွေ့ ခံစားနေရပါသည်။
ဤစစ်အာဏာရှင်စံနစ်အား အမြစ်ဖြတ်သုတ်သင်ကာ တိုင်းရင်းသား လူမျိုးများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဒီမိုကရေစီပြည်ထောင်စုစံနစ်ကို တည်ဆောက်နိုင်မှသာလျှင် မြန်မာပြည်သူများသည် မိမိတို့၏မွေးရာပါ လူ့အခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဤစစ်အာဏာရှင်စံနစ်ကို အမြန်ဆုံးဖယ်ရှားရေးသည် မြန်မာပြည်သူတစ်ရပ်လုံးအပေါ်တွင် ကျရောက် နေသည့် သမိုင်းပေးတာဝန်ဖြစ်သည့်အားလျော်စွာ အောင်မြင်ပြီးဆုံးသည်အထိ ပြည်သူအားလုံးမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆက်လက်ကြိုးပမ်းအားထုတ်ကြပါရန် အလေးအနက်ပန်ကြားအပ်ပါသည်။
ထို့သို့ကြိုးပမ်းအားထုတ်နေကြသော ပုဂ္ဂိုလ်အားလုံးကိုလည်း အထူးချီးကျူးဂုဏ်ပြုအပ်ပါသည်။ ထိုသို့တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါနှင့် အသက်ပေးလှူသွားကြသော အာဇာနည် သူရဲကောင်း အားလုံးအားလည်း လေးစားစွာဖြင့် ဦးညွှတ်အလေးပြု အပ်ပါသည်။
ပြည်သူများအားလုံး
– စစ်ကျွန်ဘဝမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။
– မွေးရာပါ လူ့အခွင့်အရေးများကို အပြည်အဝရရှိခံစားနိုင်ကြပါစေ။
လေးစားမေတ္တာထားစွာဖြင့်
စန်းအောင် (၁၉၉၀ – အမတ်)
တာဝန်ခံ (New Myanmar Foundation)
Dec 9, 2022
Digital Literacy and Security Training (Batch 6)
The New Myanmar Foundation (NMF), with the support of Canada Embassy, conducted a five-day online Digital Literacy and Security Training (Batch 6) from December 5 to December 9, 2022, with 40 participants (13 males, 21 females, and 1 LGBT). This training aimed to empower advocates for democracy and human rights in Myanmar by enhancing their digital literacy and security skills. Through an interactive approach including pre-and post-tests, PowerPoint presentations, and participatory planning handouts, participants actively engaged in learning about operating systems, cyber security, internet functionality, VPNs, email services, Google applications, encrypted messaging apps, social media security, and website building.
Despite challenges such as internet connectivity issues and power outages, participants reported significant improvements in digital security knowledge, better information protection abilities, and increased efficiency in digital tasks. Post-training surveys confirmed these positive outcomes, with participants expressing satisfaction and acknowledging the practical benefits gained for their personal and professional lives.
Training Photos will not be posted due to the security consideration.
Dec 7, 2022
ဆံပင်ညှပ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသော အမျိုးသားများအား လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။
မဲဆောက်မြို့တွင်ရောက်ရှိနေသော ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သား အမျိုးသား များ အတွက် (၅) ပါတ်ကြာ အခမဲ့ဆံပင်ညှပ် သင်တန်းကို ၂၆-၁၂-၂၀၂၂ ရက်နေ့ (တနင်္လာနေ့) မယ်ပရှိသင်တန်းကျောင်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်း တက်ရောက်လိုသူများအနေဖြင့် သင်တန်းမှ ချမှတ်ထား သည့် အောက်ပါစည်းကမ်းချက်များကို လိုက်နာနိုင်ပါက
Google Form (Form Link – https://forms.gle/b8iw5nJHuPjyuHwC7 ) တွင် ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။ လုပ်ငန်းအတွေ့အကြုံ (၅) နှစ်ကျော်ရှိသော သင်တန်း ဆရာ ကိုစိုးအောင်မှ အမျိုးသား ဆံပင်ညှပ်၊ ခေါင်းလျှော်၊ ဆေးဆိုးနှင့် ဆံပင်ကောက်/ဖွ ပညာတို့ကို စာတွေ့၊ လက်တွေ့တို့ဖြင့် သင်ကြားပေး မည်ဖြစ်ပါသည်။
သင်တန်းသားများ လိုက်နာရမည့်စည်းကမ်းချက်များ –
၁။ သင်တန်းကာလ (၅) ပါတ် အတွင်း သင်တန်းကျောင်းကို ပုံမှန်တက်ရောက်နိုင်ရမည်။ အနည်းဆုံး ကျောင်းခေါ်ချိန် ၇၅% ပြည့်ရန် လိုအပ်ပါသည်။
၂။ သင်တန်းသားများသည် တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးပျူငှာစွာဆက်ဆံရမည်။ ကွင်းဆင်းလေ့လာချိန်အပါအဝင် သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊အမူအရာ ဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်း မပြုလုပ်ရပါ။ ကျူးလွန်ပါကသင်တန်းမှခြွင်းချက်မရှိထုတ်ပယ်ပါမည်။
၃။ လျှောက်ထားသူသည် စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးပါ ကောင်းမွန်သူဖြစ်ရမည်။ လုပ်ငန်းသဘာဝအရ အရေပြားရောဂါများနှင့် အခြားကူးစက်ရောဂါများ ကင်းရှင်းရန်လိုအပ်ပါသည်။ (ဥပမာ- တီဘီ၊ ပွေး၊ ဝဲ၊ ညှင်း)
၄။ သင်တန်းသားများသည် မိမိအစီစဉ်ဖြင့် သင်တန်းသို့ လာရောက်သင်ကြားရမည်ဖြစ်ပြီး အစားအသောက်ကိစ္စများကိုလည်း မိမိကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ပါသည်။ (ကြို/ပို့ ကိစ္စများ ၊ မနက်/နေ့လည်/ညစာများကို စီစဉ်ပေးမည် မဟုတ်ပါ။)
၅။သင်တန်းခန်းမအတွင်း အရက်၊ဘီယာ၊ဆေးလိပ်၊ကွမ်း နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမပြုရပါ။
၆။သင်တန်းဆင်းချိန်တွင်သင်တန်းမှ သင်ထောက်ကူပစ္စည်းများအား အလှည့်ကျတာဝန်ဖြင့် စနစ်တကျသိမ်းဆည်းပြီး သင်တန်းခန်းမအား သန့်ရှင်းရေးပြန်လည်ပြုလုပ်ပေးခဲ့ရပါမည်။
၇။ အကြောင်းကိစ္စတစ်ခုခုရှိ၍ သင်တန်းပျက်ကွက်လိုပါက သင်တန်းမှူးထံ ကြိုတင် ခွင့်ပြုချက် တောင်းခံရမည်။
၈။ သင်တန်းပြီးဆုံးသည်အထိ တက်ရောက် သင်ယူနိုင်ရမည်။
၉။ သင်တန်းပြီးပါက လုပ်ငန်းခွင်ဝင်ရပါမည်။
၁၀။ အကယ်၍ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် ပန်းရောင်ကတ်လုပ်ရန်လိုအပ်ပါကလုပ်ရပါမည်။
သင်တန်းချိန်မှာ တစ်ပါတ်လျှင် (၆)ရက် (တနင်္ဂနွေနေ့မှ သောကြာနေ့) အထိ နံနက် (၈း၀၀) နာရီ မှ ညနေ ၄း၀၀) နာရီ ထိဖြစ်ပါသည်။ နေ့လည် ထမင်းစား နားချိန်မှာ နေ့လည် (၁၁း၀၀)နာရီ မှ (၁၁း၃၀) နာရီ အထိ ဖြစ်ပါသည်။ မနက် break time မှာ ( ၉း၃၀) နာရီ မှ (၉း၄၅) နာရီ အထိ ဖြစ်ပါသည် ညနေ break time မှာ ( ၂) နာရီမှ (၂း၁၅) နာရီ အထိဖြစ်ပါသည်။
ဆံပင်နှင့်ပတ်သက်ပြီး သင်ကြားပေးသွားမည့် ပညာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဆံပင်ညှပ်
၂။ ခေါင်းလျှော်
၃။ ဆံပင်ဆေးဆိုး
၄။ ဆံပင်အရောင်ဆေးစပ်
၅။ ဆံပင်ကောက်/ဖွ
ဆံပင်ညှပ်ပညာရပ်များ သင်တန်းတွင်စားမေးပွဲဖြေဆိုပြီးပါက ကွင်းဆင်းလေ့လာရေးခရီးစဉ်ကို သင်တန်းမှစီစဉ်ပေးမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
New Myanmar Foundation
အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Nan Thin Thu Zar
Ph: 0628499241,
Signal +66 628 499 241,
Email: [email protected]