သီတင်းကျွတ်ဆုတောင်း
သီတင်းကျွတ်ဆုတောင်း
ဆွေမျိုးသားချင်းများ၊ ဒီမိုကရေစီရေး လုပ်ဖော် ကိုင်ဖက်များနှင့် မြန်မာပြည်သား အပေါင်းခင်ဗျား
ဒီသီတင်းကျွတ်အခါသမယမှာ ကျွန်တော့် ထက် အသက်အရွယ် ကြီး မြင့်သူ အားလုံးကို ဂါရဝပြု ကန်တော့ အပ်ပါတယ်။ ကျွန်တော့် ထက် ငယ်ရွယ်သူအားလုံးကိုလည်း မေတ္တာပို့ ဆုတောင်းပေးပါတယ်။
အားလုံးသော ပုဂ္ဂိုလ်များ-
- ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
- ဘေးမသီ၊ ရန်မခ ကြပါစေနဲ့။
- ကြံတိုင်းအောင်၊ ဆောင်တိုင်း မြောက်ကြပါစေ။
- သူတော်ကောင်းနဲ့ တွေ့ဆုံနိုင်ကြပါစေ၊ သူယုတ်မာနဲ့ ကွေကွင်းကြပါစေ။
- လိုအင်ဆန္ဒတစ်လုံး တဝတည်း ပြည့်စုံနိုင်ကြပါစေ။
- သူတော်ကောင်း စိတ်များ မွေးမြူနိုင်ကြပါစေ၊ သူယုတ်မာစိတ်များ ပပျောက်ပါစေ။
- အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေ။
- ချစ်သူ ခင်သူများနဲ့ အသက်ရာကျော် နေနိုင်ကြပါစေ။
- စစ်ကျွန်ဘဝက အမြန်ဆုံးလွတ်မြောက် နိုင်ကြပါစေ။
အားလုံးအား လေးစားမေတ္တာထားလျက်
စန်းအောင် (၁၉၉၀-အမတ်)
အမှုဆောင်ဒါရိုက်တာ၊ New Myanmar Foundation